ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ခရိုင်တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်း ကျေးရွာ ဖြစ်တဲ့ ကန်လယ်ကျေးရွာနဲ့ ညောင်ပင် ကျေးရွာ စီမံကိန်း လုပ်ငန်းခွဲဆောင်ရွက်နေမှု အခြေအနေကို ဂန့်ဂေါ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ဇွန်လ ၂၂ ရက်နေ့မှာ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ သိန်း ၁၁၀ နဲ့ ဆောင်ရွက်လျက်ရှိတဲ့ ကန်လယ်ကျေးရွာ အလယ်တန်းကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်တဲ့ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ သိန်း ၁၄၀ နဲ့ ညောင်ပင် ကျေးရွာ အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းခွဲကို ကြည့်ရှု့ စစ်ဆေးခဲ့ ပြီး လိုအပ်တာတွေကို မှာကြားခဲ့တယ်လို့ သိရပါတယ်။

သတင်း - ရှု့မောင်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank