လူထု ဗဟိုပြု စီမံကိန်းမှ ကော့ကရိတ်မြို့ မွန်စုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

NCDDP’s Village Concrete Street Opening Ceremony Held in Mon Su Village of Kawkareik

Kayin, 27 December 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ကမ္ဘာ့ဘဏ် အကူ အညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) နဘူးနှစ်ခြား ကျေးရွာအုပ်စု၊ မွန်စုကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းဖွင့်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့နံနက် ၈ နာရီ မှာ ကျင်းပပါတယ်။

အခမ်းအနားမှာ လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့မှ ကျားမရေးရာ တာဝန်ခံ စောကစ်ဆင်ဂျာလင်း၊ လက်ထောက် ဝယ်ယူရေး တာဝန်ခံ ဒေါ်အေးသူလွှင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်၊ ကျေးရွာဥက္ကဋ္ဌ ဦးနိုင်တင်လှတို့မှ အမွှေးနံ့သာတွေ ပတ်ဖြန်းပြီး ဖဲကြိုး ဖြတ် ဖွင့်လစ်ပေးခဲ့သည်။

အဲဒီ ရွာတွင်း ကွန်ကရစ်လမ်းမှာ စီမံကိန်း ရန်ပုံငွေကျပ် (၂၀၃)သိန်းနဲ့ လူထု ထည့်ဝင်ငွေကျပ် (၇၆) သိန်းတို့နဲ့ လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဒေါ်နန်းနွယ်ဇင်ဦး၊ လူထုစည်းရုံးရေးမှူး နော်ချယ်ရီဦး တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့ တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူ လူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

 

ခင်မျိုးဝင်း (ခရိုင် ပြန် / ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage