မိုင်းခတ် မြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်း ၈၂ ခု ရာနှုန်းပြည့် ပြီးစီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်းပြီး၊ လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် မိုင်းခတ် မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ယခု အခါ ကျေးရွာတွေမှာ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ ၉၄ ခုမှာ ၈၂ ခုမှာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

 

လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ငွေကြေး သုံးစွဲမှုတွေကို လူထု စစ်ဆေးပွဲတွေ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ နောင်လုံ ကျေးရွာ အုပ်စု အတွင်းမှာ ရှိတဲ့ အင်လူမျိုးတွေ နေထိုင်တဲ့ အင်လုံး ကျေးရွာ မြေသားလမ်း ၂ မိုင် တိုးချဲ့ခြင်းကိုတော့ ဇွန်လိုင်လ ၁၁ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

 

အဲဒီလို လူထု စစ်ဆေးပွဲ ပြုလုပ်ရာမှာ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကျေးရွာ တာဝန်ခံ လက်ထောက် နည်းပညာမှူး၊ ဒေါ်ထက် သီရိပိုင်၊ လူထု စည်းရုံးရေးမှူး ဦးမျိုးမြင့်အောင်နဲ့ ဦးရောရှာဘားတို့က ဦးဆောင်ပြီးတော့ ကျေးရွာအတွင်းမှာ လှည့်လည်ကာ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank