ပျော်ဘွယ် မြို့နယ် အုတ်ရှစ်ပင် ကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေး ဆောင်ရွက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ပျော်ဘွယ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) မှာ မိုးကောင်း အုပ်စု၊ အုတ်ရှစ်ပင် ကျေးရွာမှာ ကျေးရွာနေ ပြည်သူတွေ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်စေဖို့ ရည်ရွယ်ပြီး၊ အိမ်တိုင်ရာ ရောက် ရေပိုက်သွယ်တန်း ပေးနိုင်ရေး Level Survey တိုင်းတာခြင်းကို ဇွန်လ ၈ ရက်နေ့ မနက် ၈ နာရီက တာဝန်ရှိသူတွေ ကွင်းဆင်း တိုင်းတာတယ်လို့ သိရပါတယ်။

အဲလို ကွင်းဆင်းတိုင်းတာရာမှာ ပျော်ဘွယ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ နည်းပညာ ဦးညီညီ မွန်းလွန်းနဲ့ တာဝန်ရှိသူတွေဟာ ကျေးရွာ စီမံကိန်း ကော်မတီဝင်တွေနဲ့အတူ အုတ်ရှစ်ပင် ကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေး လုပ်ငန်း ဆောင်ရွက်ပေးနိုင်ဖို့ ရေပိုက်လိုင်း သွယ်ယူရမယ့် ပိုက်လိုင်း ပေအရှည်၊ ကျေးရွာ မြေပုံ ရေးဆွဲခြင်း၊ မြေပြင် အချက်အလက်တွေ ကောက်ယူခြင်းနဲ့ မြေပြင် အနိမ့်အမြင့်တွေကို Level Survey တိုင်းတာမှု တွေ ဆောင်ရွက်ခဲ့ကြပါတယ်။

အဲဒီ ကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေး လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ငွေကျပ် ၁၄ ဒဿမ ၄၇ သန်းနဲ့ ဂါလံ ၂၅၀၀ ဆံ့ ရေစင် တစ်ခုနဲ့ ရေပိုက်လိုင်း အရှည် ၅၃၀၀ ပေ သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပျော်ဘွယ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးအရာရှိ (နည်းပညာ) ဦးညီညီ မွန်းလွန်းထံက သိရပါတယ်။

 

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank