တနင်္သာရီမြို့နယ် အတွင်း Cash for Work စီမံကိန်း ကျေးရွာများ သို့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား မြိတ်ခရိုင် ဦးစီးမှူးမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Cash for Work Outputs in Tanintharyi Township Monitored by Respective Officials

Tanintharyi, 18 December 2020, Ministry of Information

တနင်္သာရီ ဒီဇင်ဘာ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်-၁၉ရောဂါကာလ စီးပွါးကုစားမှု အစီအစဉ်(CERP) အရ Cash For Work (CFW) စီမံကိန်းဖြင့် တမုတ်ချုန်းကျေးရွာအုပ်စု ရှမ်းအင်းတော်ကျေးရွာနှင့် ရေဖြူကျေးရွာတို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ဒီဇင်ဘာလ၁၇ရက်နေ့က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးရယ်လွင်နှင့် ဝန်ထမ်းများလိုက်ပါပြီး ကွင်းဆင်းစစ် ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြိတ်ခရိုင် ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် အဖွဲ့သည် တမုတ်ချုန်းကျေးရွာအုပ်စု- ရှမ်းအင်း တော်ကျေးရွာ ကျောင်းခြံစည်းရိုး ကာခြင်းအရှည်(၁၄၉၀ပေ)၊ အမြင့်(၅ပေ)လုပ်ငန်းနှင့် ရေဖြူကျေး ရွာအတွင်း မြေသားလမ်း ပြုပြင်ခြင်း (၃၆၅ပေ၊ ၁၂ပေ၊ ၁၂ပေ) လုပ်ငန်း၊ လမ်းဘေးရေမြောင်း တူးဖော် ခြင်း (၂x ၅၉၀၀ပေ x၂ပေ x၂ပေ)လုပ်ငန်းများ ဆောင်ရွက်ပြီးစီး အခြေအနေအား ကွင်းဆင်းစစ်ဆေး ပြီး ငွေစာရင်းဇယားများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာ ကော်မတီဝင် များအားတွေ့ဆုံ၍ လက်ရှိ ဆောင်ရွက်ထားသော လုပ်ငန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းပေးကြရန် မှာကြားခဲ့ကြောင်း၊ တနင်္သာရီမြို့နယ်တွင် Cash For Work စီမံကိန်းကျေးရွာ (၁၄)ရွာ ရှိပြီး၊ ၎င်းကျေးရွာတစ်ရွာလျှင် စီမံကိန်း ရန်ပုံငွေကျပ် သိန်း(၁၀၀)စီဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆိုပါကျေးရွာ ကော်မတီဝင်များ၏ဦး ဆောင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25143