“ဝင်ငွေရရှိရေး အလုပ်အကိုင် ဖန်တီးပေး” Cash for Work စီမံကိန်း ဆောင်ရွက်နေမှုများအား စီမံကိန်းတာဝန်ရှိသူများ ကျောက်ကြီးမြို့နယ်တွင် ကွင်းဆင်းကြည့်ရှု

ကျောက်ကြီး ဇူလိုင် ၂၃ ရက်

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိတဲ့ “Cash for Work” စီမံချက်၊ ကျေးရွာမတည် ရန်ပုံငွေစီမံချက် (Village Revolving Fund Project) များပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ကျောက်ကြီးမြို့နယ်မှာ အဆိုပါစီမံကိန်းအား ကျေးရွာ(၈)ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရတဲ့ အနက်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု မအူပင်ဆိပ် ကျေးရွာမှာ “Cash For Work” စီမံချက်နဲ့ ဆောင်ရွက်ရန် ကျေးရွာလူထု ကိုယ်တိုင် ရွေးချယ်ထားတဲ့ ရေနှုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းအား ဇူလိုင်လ ၂၃ရက်နေ့မှာ ရှေ့ပြေးအနေနဲ့ စတင် စမ်းသပ် ဆောင်ရွက်ခဲ့ ကြပါတယ်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများအား ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို၊ မြို့နယ် စီမံကိန်းတာဝန်ခံ ဦးစိုးကိုဦးနှင့် တာဝန်ကျလက်ထောက် နည်းပညာမှူးနဲ့ လူထုစည်းရုံးရေးမှူးများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြပါတယ်။

 

သတင်း - ဝင်းညီညီလတ် (CSAG)