ဒုတိယ ညွှန်ကြားရေးမှူးချုပ် နဲ့အဖွဲ့ ကြိုပင်ကောက်မြို့နယ်ရှိ Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှု့

ပဲခူးတိုင်း ဒေသကြီး ကြို့ပင်ကောက်မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် နေပြည်တော်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နဲ့ တာဝန်ရှိသူတွေက Cash for Work စီမံကိန်း ရန်ပုံငွေနဲ့ ဆောင်ရွက်လျက် ရှိတဲ့ ရွာတန်းရှည် ကျေးရွာ မြေနီ ကျောက်စရစ်ခင်းခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းကို ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြပါတယ်။

ရွာတန်းရှည် ကျေးရွာ မြေနီ ကျောက်စရစ်ခင်းခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းမှာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နေကြတဲ့ ကျေးရွာသားတွေကို ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေ ပြည်သူတွေ လူမှု စီးပွားထိခိုက်မှုတွေကို တုန့်ပြန် ဆောင်ရွက်တဲ့ အနေနဲ့ မြို့နယ် အတွင်းမှာ ရှိတဲ့ ဝင်ငွေ နည်းပါးတဲ့ ကျေးလက်နေ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးတဲ့အတွက် ပုံမှန် ဝင်ငွေ ရရှိပြီး၊ ကျေးရွာ ရဲ့ လမ်းတံတားနဲ့ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး၊ Cash for Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်စေရေးကို ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းကို ပြောကြားခဲ့ပါတယ်။

ကြို့ပင်ကောက် မြို့နယ်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash for Work စီမံကိန်း ကျေးရွာ ၉ ရွာ မှာ ရန်ပုံငွေ စုစုပေါင်း သိန်း ၉၀၀ နဲ့ ကျေးရွာတွေမှာ ကော်မတီတွေ ဖွဲ့စည်းပြီး စီမံကိန်း လုပ်ငန်းတွေကို ဇူလိုင် ဩဂုတ် စက်တင်ဘာလတွေမှာ အပြီးဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - တင်အောင် မိုးမြင့်

#CERP, #CFW, #DRD, #MOALI

Credit- SkyNet Media Coverage