ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ဇီးဖြူပင် ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ဆဲ လုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တံတား ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းဝင်းလတ်နှင့် မြို့နယ်မှ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက တံတားမြို့ ဇီးဖြူပင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ဆဲလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် တံတားမြို့ ဇီးဖြူပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ် သော အခြေခံ အဆောက်အဦ များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်နေ သော ကျေးရွာ ခန်းမဆောင်အား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) အကောင် အထည် ဖော်ဆောင်ရွက်နေသော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ လမ်းပခုံးကပ် ခြင်းစသည့် လုပ်ငန်းများ အကောင် အထည် ဖော် ဆောင်ရွက်ပြီးစီးမှုများအား ကွင်းဆင်းကြည့်ရှု ပြီး ကျေးရွာလူထုဗဟိုပြု စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖ များနှင့်တွေ့ဆုံကာ လိုအပ်သည် များအား လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

တင်နိုင်ဝင်း(တံတား)

https://www.moi.gov.mm/iprd/news/5826