လှိုင်းဘွဲမြို့နယ် နားဒိတ်ကျေးရွာတွင် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်

NCDDP’s School Building Construction at Nar Deik of Hlaingbwe Completed 40 Percent

Kayin, 18 November 2020, Ministry of Information

လှိုင်းဘွဲ နိုဝင်ဘာ ၁၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် တဝန်ဖန်ရကျေးရွာ အုပ်စု၊ နားဒိတ်ကျေးရွာ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းကို ၄၀%ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာသင်ကျောင်းဆောင်သစ်ကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ (၃၂,၄၀၀,၀၀၀) ကျပ်ဖြင့် (အလျှား ၆၀ပေ x အနံ ၃၀ပေ x အမြင့် ၁၂ပေ) ဆောက်လုပ်ခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး နန်းဝင့်ဝတ်ရည်ခြူး၊ လူထုစည်းရုံးရေးမှူး နန်းမြတ်သူဇာတို့မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်မှု၊ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူ လူထုတို့၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းများ ၁၀၀% ပြီးစီးပါက နားဒိတ်ကျေးရွာမှ အိမ်ထောင်စု (၁၁၇)စု၊ လူဦးရေ (၇၆၀) ဦးနှင့် မူလတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား (၄၅)ဦး၊ ကျောင်းသူ(၄၃)ဦးတို့ အတွက် လုံခြုံစိတ်ချစွာဖြင့် စနစ်တကျပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/21382