လှိုင်းဘွဲမြို့နယ် ထီးတာဟော် ကျေးရွာရှိ ပြည်သူများအား အကျိုးပြုမည့် သံကူ ကွန်ကရစ်တံတား တည်ဆောက်

NCDDP’s Concrete Bridge Construction in Htee Tar Haw Completed 80 Percent

Kayin, 1 December 2020, MOI Webportal

 

လှိုင်းဘွဲ ဒီဇင်ဘာ ၂

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာ အုပ်စု၊ ထီးတာဟော် ကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ သံကူကွန်ကရစ် တံတား တည်ဆောက်ခြင်း လုပ်ငန်းကို (၈၀)ရာခိုင်နှုန်း ပြီးစီးသွားပြီလို့ သိရပါတယ်။

အဆိုပါ သံကူ ကွန်ကရစ် တံတားကို ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှ စီမံကိန်း ထောက်ပံ့ငွေ ကျပ် ၂၃၅ သိန်း ဖြင့် တံတားကို အလျား ၂၁ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၀ ပေ ရှိတယ်လို့ သိရပါတယ်။

သံကူ ကွန်ကရစ် တံတားကို ၁၀၀ ရာခိုင်နှုန်းပြီးစီးသွားပက ထီးတာဟော် ကျေးရွာမှ အိမ်ထောင်စု (၄၁)စု၊ လူဦးရေ (၂၇၀) အပါအဝင် အခြား ကျေးရွာများအတွက်လည်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်မည် ဖြစ်ကြောင်း ကို ထီးတာဟော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ကျနော်က ကွမ်တာကျေးရွာ အုပ်စု၊ ထီးတာဟော် ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ ဖြစ်ပါတယ်။ ကျနော်တို့က ကွမ်တာကျေးရွာ အုပ်စု ထီးတာဟော် ကျေးရွာက ကျနော်တို့ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းနဲ့ ကျေးရွာက တောင်းဆိုတဲ့ လိုအပ်ချက်တံတားကို ကျေးရွာလူထု အကျိုးရှိအောင် နောင်လာ နောင်သားတွေလည်း အခက်အခဲ မရှိအောင် ဆိုပြီးတော့ သွားလာတဲ့ နေရာမှာ လွယ်ကူရေးအတွက် သူတို့က တံတား တစ်စင်း တောင်းဆိုတဲ့အတွက် ကျနော်တို့က CDD လုပ်ငန်းနဲ့ တောင်းဆိုမှုအပေါ် လုပ်ဆောင်ပေးတာပါ။ ကျနော်တို့က ဒီရွာလေးဟာ အိမ်ခြေလည်း ၄၀ ကျော် ၅၀ မပြည့်သေးတဲ့အတွက် ကိုယ်ထူကိုယ်ထ လုပ်တဲ့ သစ်သား တံတားတွေကလည်း မကြာ ခဏ ပျက်စီးနေတယ်ဆိုတော့ သူတို့ ခဏ ခဏ မပြင် ဆင်နိုင်တဲ့အတွက် သူတို့ CDD လုပ်ငန်းနဲ့ သူတို့လည်း ကျနော်တို့ အုပ်စုမှာ ပါဝင်နေတဲ့အတွက် သူတို့ကို ဦးစားပေးပြီး၊ တံတား တစ်စင်း ဆောက်ဖို့ ပေးလိုက်ပါတယ်။ ကျနော်တို့ အုပ်စုကနေပြီး ဆုံးဖြတ်ချက် ချပြီး၊ လိုအပ်ချက်ကို CDD ကနေ့ လုပ်ဆောင်ပေးခဲ့တာပါ။”

အဆိုပါ သံကူ ကွန်ကရစ် တံတား တည်ဆောက်ခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး နဲ့ လူထု စည်းရုံးရေးမှူးတို့မှ အနီးကပ် ကြီးကြပ်မှု၊ ပြည်နယ် အင်ဂျင်နီယာ၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် အင်ဂျင်နီယာနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာ ပြည်သူလူထုတို့၏ ပူးပေါင်း ပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - လှိုင်းဘွဲ့ (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – MOI Webportal

https://www.facebook.com/MOIWebportalMyanmar/videos/764798567473372