လူထု ဗဟိုပြု စီမံကိန်း သတင်း ပြန်ကြား ဆက်သွယ်ရေးနှင့် ဝေဖန် အကြံပြု တိုင်ကြားချက် ဖြေရှင်းရေး မွမ်းမံ သင်တန်း ပို့ချ

NCDDP’s Virtual Refresher Training Organized for Communications and Grievance Handling Machanism

Nay Pyi Taw, 29 December 2020, MWD Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဝန်ထမ်းများနဲ့ လူထု ဗဟိုပြု စီမံကိန်း (CDD) မြို့နယ် ၁၆ မြို့နယ်နဲ့ တိုင်းဒေသကြီး ပြည်နယ်များမှ သက်ဆိုင်ရာ တာဝန်ခံ ဝန်ထမ်းများကို လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပိုမို အဆင်ပြေ ချော့မွေ့စေရန် ရည်ရွယ်ပြီး၊ သတင်း ပြန်ကြား ဆက်သွယ်ရေးနှင့် ဝေဖန် အကြံပြု တိုင်ကြားချက် ဖြေရှင်းရေး မွမ်းမံ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက Video Conferencing စနစ်နဲ့ ကျင်းပ ပြုလုပ်ပါတယ်။

ပထမ ဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ဒါရိုက်တာ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါ်ညိုညိုဝင်းက အမှာစကား ပြောကြားပါတယ်။

ဆက်လက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ပြည်ထောင်စု အဆင့် သင်တန်း နည်းပြ ဆရာများက သင်တန်းမှာ ပို့ချမယ့် သင်ခန်းစာများကို ရှင်းလင်း ပြောကြားပါတယ်။

အဲဒီ သတင်း ပြန်ကြား ဆက်သွယ်ရေးနဲ့ ဝေဖန်အကြံပြု တိုင်ကြားချက် ဖြေရှင်းရေး မွမ်းမံသင်တန်းကို ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် ဝန်ထမ်းများက ရုံးချုပ် အစည်းအဝေး ခန်းမမှာ လည်းကောင်း၊ စီမံကိန်း မြို့နယ် ၁၆ မြို့နယ်နဲ့ တိုင်းဒေသကြီး ပြည်နယ်များမှ သက်ဆိုင်ရာ တာဝန်ခံ ဝန်ထမ်းများက မိမိတို့ ရုံးစိုက်ရာ ဒေသများမှ Video Conferencing စနစ်နဲ့ လည်းကောင်း အသီးသီး တက်ရောက်ကြပါတယ်။

သင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် ဝန်ထမ်းများ၊ လူထု ဗဟိုပြု စီမံကိန်း (CDD) မြို့နယ် ၁၆ မြို့နယ်နဲ့ တိုင်းဒေသကြီး ပြည်နယ်များမှ သက်ဆိုင်ရာ တာဝန်ခံ ဝန်ထမ်းများ စုစုပေါင်း ၅၇ ဦးကို ဒီကနေ့မှ ၃၀ ရက်နေ့အထိ ၂ ရက်ကြာ Video Conferencing စနစ်နဲ့ ဖွင့်လှစ် သင်ကြား ပို့ချသွားမယ်လို့ သတင်း ရရှိပါတယ်။

 

#NCDDP, #DRD, #MOALI, #WorldBank

Credit – MWD Media Coverage