သံတောင်ကြီးမြို့နယ် ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash for Work (CFW) စီမံကိန်း ကျေးရွာများ ရွေးချယ်

Village Selection Meeting Held for Cash for Work Activities in Thandaunggyi for 2020-2021 Fiscal Year

Kayin, 25 November 2020, Ministry of Information

သံတောင်ကြီး နိုဝင်ဘာ ၂၅

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီး မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash For Work (CFW) စီမံကိန်း ကျေးရွာ ရွေးချယ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက် ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်တို့က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက Cash for Work (CFW) စီမံကိန်း ကျေးရွာ ရွေးချယ်ခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ၊ သံတောင်ကြီး မြို့နယ်တွင် စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၂၅)ရွာ အား ရွေးချယ်ရာတွင် တောပြာကြီး ကျေးရွာ၊ ဒါဝါလော်ချီး ကျေးရွာ၊ ကပ္ပါယ် ကျေးရွာ၊ ကျောက်တံခါး (ထက်) ကျေးရွာ၊ ကြို့ချောင်း (ထက်)ကျေးရွာ၊ ကြို့ချောင်း(အောက်)ကျေးရွာ ၊ ချဉ်ပေါင်တောင် ရွာသစ်၊ အမာယာ ကျေးရွာ ၊ ချီးသူစော(အထက်) ကျေးရွာ ကျေးကတော့ ကျေးရွာ ၊ ကိုးဒစ်ရွာ တန်းရှည်၊ ထီးသာစော (အထက်)၊ ဇင်းတိုင်းလေး ကျေးရွာ ကျွဲကျချောင်း ကျေးရွာ၊ ဖယ်ဖိုး (အထက်)ကျေးရွာ၊ ခုံတိုင်ကျေးရွာ၊ အတောင် ချောင်းထက် (မုဆိုးမ) ကျေးရွာ၊ ကလေခို အထက် ကျေးရွာ သရဲယူး ကျေးရွာ၊ သင်္ဘောတော ကျေးရွာ ၊ ကျောက်ဖျာ အထက် ကျေးရွာ ၊ဗဟုန်း (ဌက်ပျောတော အထက်) ကျေးရွာ ၊ ရွှေလံဘို ကျေးရွာ၊ ကလေတ ကျေးရွာ များကို ရွေးချယ်ခဲ့ကြသည်။

အဆိုပါ Cash For Work (CFW) စီမံကိန်း ကျေးရွာ ရွေးချယ်ပွဲ တွင် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း ၊ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောလှမြင့် မဲဆန္ဒနယ်အမှတ်(၁) ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့် မဲဆန္ဒနယ ်အမှတ်(၂)၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် ဖိတ်ကြား ထားသောဌာနဆိုင်ရာ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/22343