မြို့သစ် မြို့နယ် အတွင်း Cash for Work လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

မကွေး ခရိုင်အတွင်း ကိုဗစ်-၁၉ ကာလမှာ ကျေးလက်နေ ပြည်သူတွေ ထိခိုက်မှု လျော့နည်း စေဖို့အတွက် Cash for Work (CFW) စီမံကိန်း ကို ကျေးရွာပေါင်း ၇၀ မှာ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း တွေ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

အဲဒီ CFW လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေအနက် မကွေးခရိုင် မြို့သစ် မြို့နယ် အတွင်းမှာ ရှိတဲ့ ရွှေပန်း ကျေးရွာ ရေမြောင်း တူးဖော်ခြင်းနဲ့ ရွာတွင်းလမ်း ပြုပြင်ခြင်း လုပ်ငန်း၊ မြေပြင်သာ ကျေးရွာမှာ ရွာတွင်းလမ်း ပြုပြင်ခြင်း လမ်းဘေးရေမြောင်း တူးဖော်ခြင်းနဲ့ ဘော်လုံးကွင်း ပြုပြင်ခြင်း လုပ်ငန်းနဲ့ အင်းရွာကြီးကျေးရွာ ရေမြောင်းတူးဖော်ခြင်းနဲ့ ရွာတွင်းလမ်း ပြုပြင်ခြင်းလုပ်ငန်း တွေကို စက်တင်ဘာလ ၁ ရက်နေ့မှာ မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန QCWT အဖွဲ့ဝင်တွေက စာရင်းဇယား ဖြည့်သွင်းမှု ပုံစံ တွေ စနစ် တစ်ကျ ဆောင်ရွက်ထားတာ ရှိမရှိ ကြပ်မတ် စစ်ဆေးပေးပြီးတော့ မြေပြင်မှာ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်း ကြပ်မတ်ခဲ့ပြီး လုပ်ငန်းတွေ ရေရှည် တည်တံ့စေရေး ကျေးရွာသူ ကျေးရွာသားတွေ အားလုံး ဝိုင်းဝန်း ထိန်းသိမ်းကြဖို့ မှာကြား ခဲ့တယ်လို့ သိရပါတယ်။

သတင်း - မေဇင်ထွန်း (မကွေးခရိုင် ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage