ခရမ်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆက် ရှင်းလင်းမှု အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

NCDDP’s Virtual Socialization Meeting Organized for Project Implementation in Kayan

Yangon, 25 November 2020, Ministry of Information

ခရမ်း နိုဝင်ဘာ ၂၅

 

ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူး​ပေါင်း အ​ကောင် အထည်​ဖော်​ ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြု စီမံကိန်း (CDD) ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာ​ရေး နှစ်တွင် စတင်အ​ကောင် အထည်​ဖော် ဆောင်ရွက်မည့် ရန်ကုန်တိုင်း​ ဒေသကြီး၊​ ခရမ်းမြို့နယ် စီမံကိန်း မိတ်ဆက် ရှင်းလင်း မှု အလုပ်ရုံ​ဆွေး​နွေးပွဲ အခမ်းအနားကို ၊ ယမန်‌နေ့နံနက် (၁၀း၃၀)နာရီ အချိန်တွင် Video Conferencing စနစ်ဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပ ပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် လူထုဗဟိုပြု စီမံကိန်း ဒါရိုက်တာ ဒုတိယ ညွှန်ကြား​ရေးမှူးချုပ် ​ဒေါ်ညိုညိုဝင်း မှ အဖွင့် အမှာစကား​ ပြောကြားခဲ့ပြီး ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ် တစ်ဦးက မိတ်ဆက် စကား​ပြောကြား ကာ ညွှန်ကြား​ရေးမှူး ဦးလှခိုင်မှ စီမံကိန်း အ​ကြောင်း ဗီဒီယို မိတ်ဆက် ရှင်းလင်း​ ပြောကြား ခဲ့သည်။

အဆိုပါ စီမံကိန်း မိတ်ဆက်ရှင်းလင်းမှု အလုပ်ရုံ ​ဆွေး​နွေးပွဲ အခမ်းအနားကို လူထုဗဟိုပြု စီမံကိန်း ဒါရိုက်တာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်​ ဒေါ်ညိုညိုဝင်း၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ညွှန်ကြား​ရေးမှူးများ၊ တိုင်း​ဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်များ မှ တာဝန်ရှိသူများ၊ မိတ်ဖက် အဖွဲ့အစည်းများ နှင့် CSO ကိုယ်စားလှယ်များ တက်​ရောက်ခဲ့ကြ​ပြီး တက်​ရောက်လာသူများမှ စီမံကိန်း အ​ကြောင်း သိရှိလိုသည်များ​ မေးမြန်းကြရာ စီမံကိန်း ဒါရိုက်တာ ဒုတိယ ညွှန်ကြား​ရေးမှူးချုပ် ​ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများက ပြန်လည်​ ဖြေကြား​ ပေးခဲ့​ကြောင်း သတင်း ရရှိသည်။

ခရမ်းမြို့နယ်မှ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမင်းဆန်းထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြိုဖများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

 

ကိုမင်း (ခရမ်း)

ရန်ကုန်တိုင်းဒေသကြီး

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/22406