ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း စီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၁၀-၁၁-၂၀၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်

ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း

စီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအား ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ဖုန်ကန်ရာဇီခန်းမ

တွင် နိုဝင်ဘာလ (၁၀)ရက် ၂၀၁ရခုနစ် နံနက်(၉းဝ၀)နာရီအချိန်တွင်ကျင်းပခဲ့ပါသည်၊၊ အခမ်းအနားသို့

ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများ၊ NGO/INGO၊

လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ပါသည်၊၊

အဆိုပါ အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ က ကျေးဇူးတင်စကာပြောကြားခြင်း၊

ပြည်နယ်ကျေးလက်ဦးစီဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်နုက မိတ်ဆက်စကားပြောကြားခြင်း၊

ကျေးလက်ဒသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက စီမံကိန်း

မိတ်ဆက်စကားပြောကြားခြင်း၊ ဦးစီးအရာရှိ ဦးအောင်ဝေထွန်းက စီမံကိန်းအကြောင်းအသးစိတ်ရှင်းလင်းခြင်းနှင့်

တက်ရောက်လာသည့်ဧည့်သည်တော်မျာမှ စီမံကိန်းအကြောင်းသိရှိလိုသည်များကိုမေးမြန်းရာ

ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေး ပြန်လည်ဖြေကြားခြင်းတို့ဆောင်ရွက်ခဲ့ပြီး နိဂုံးချုပ်အနေဖြင့်

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးယောစီ ကကျေးဇူးတင်စကားပြောကြားကာ

အခမ်းအနားအား(၁၂းဝ၀)နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့သည်၊၊