ပုလောမြို့နယ်အတွက် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲသို့ တနသ်ာရီတိုင်းဒေသကြီး ဝန်ကြီး တက်ရောက် အမှာစကား ပြောကြား

Tanintharyi Minister for MOALI Delivers Opening Remarks at NCDDP’s Socialization Meeting for Palaw

Tanintharyi, 23 November 2020,

 

ကျေးလက်​ ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီး ဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူး​ပေါင်း အ​ကောင်အထည်​ဖော်​ ဆောင်ရွက် လျက် ရှိသည့် လူထု ဗဟိုပြု စီမံကိန်းကို တနသ်ာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဏာ​ရေးနှစ်တွင် စတင် အ​ကောင်အထည်​ဖော် ဆောင်ရွက်မည် ဖြစ်ရာ စီမံကိန်း မိတ်ဆက် ရှင်းလင်းမှု အလုပ်ရုံ​ဆွေး​နွေးပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ တနသ်ာရီတိုင်း​ ဒေသကြီး အစိုးရ အဖွဲ့ စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးနှင့် ဆည်​မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်စန်း က အဖွင့် အမှာစကား​ ပြေားကြားခဲ့သည်။

လူထု ဗဟိုပြု စီမံကိန်းကို နိုင်ငံတစ်ဝန်း တိုင်းနှင့် ပြည်နယ်ဒေသအသီးသီးရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်ကာ တိုးချဲ့ အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ရာ တနသ်ာရီတိုင်း ဒေသကြီး ပုလောမြို့နယ်တွင် ကျေးလက်နေ ပြည်သူများ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူထု ကိုယ်တိုင် ဦးစီးပေး ရွေးချယ်သော အခြေခံ အဆောက် အအုံများ တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွဲများကို လေးနှစ်တာ တိုးချဲ့ အကောင်အထည် ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်း မိတ်ဆက် ရှင်းလင်း ပွဲတွင် ကျေးလက်​ ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြား​ရေးမှူးချုပ် ​ဦးမျိုးနိုင်​အောင် မှ စီမံကိန်းအ​ကြောင်း မိတ်ဆက် ရှင်းလင်း ပြောကြားပြီး၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်က မိတ်ဆက် စကား​ ပြောကြားခဲ့ပြီး၊ ညွှန်ကြား​ရေးမှူး ဦးလှခိုင်မှ စီမံကိန်း အ​ကြောင်း ရှင်းလင်း​ ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်း မိတ်ဆက်ရှင်းလင်းမှု အလုပ်ရုံ ​ဆွေး​နွေးပွဲ အခမ်းအနားကို တနသ်ာရီတိုင်း​ ဒေသကြီး အစိုးရ အဖွဲ့ စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးနှင့် ဆည်​မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်စန်း၊​ ကျေးလက်​ ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ်​ ​ဦးမျိုးနိုင်​အောင်၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ညွှန်ကြား​ရေးမှူးများ၊ တိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း​/ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် CSO ကိုယ်စားလှယ်များ တက်​ရောက်ခဲ့ကြ​သည်။

ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် လူထု ဗဟိုပြု စီမံကိန်းကို ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ ယခုအချိန်အထိ နိုင်ငံ တစ်ဝန်း မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် အကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိရာ တနသ်ာရီတိုင်း ဒေသကြီးရှိ ကျွန်းစု မြို့နယ်နှင့် တနင်္သာရီ မြို့နယ်တို့တွင် စီမံကိန်း လေးနှစ်တာ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့ပြီး၊ ယခု ဘဏ္ဍာနှစ်မှ စတင်ကာ ပုလောမြို့နယ်တွင် စီမံကိန်း လေးနှစ်တာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

#NCDDP, #DRD, #MOALI, #WorldBank