ပျော်ဘွယ်မြို့နယ်တွင် စီမံကိန်းရေးဆွဲရေး နှင့် အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ



မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက် လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်းသည် ၂၀၁၈-၁၉ စီမံကိန်း (တတိယနှစ်) စီမံကိန်း စက်ဝန်းအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၃၁၇)ရွာ ၊အုပ်စု(၇၅) အုပ်စှရှိ ကျေးလက်နေ ပြည်သူများမှ ရွေးချယ်တင်ပြ လာသော စီမံကိန်းလုပ်ငန်း(ခွဲ)များအား စိစစ်ရွေးချယ်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံကိန်းရေးဆွဲရေး နှင့် အကောင်အထည် ဖော်ရေး လုပ်ငန်ကော်မတီ နှင့် ညှိနှိုင်းအစည်းအဝေးအား ၁၃.၁၂.၂၀၁၈ ရက်နေ့ မွန်းလွဲ(၁)နာရီတွင် ပျော်ဘွယ်မြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်စီမံကိန်းရေးဆွဲရေး နှင့် အကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းမင်းထွန်းမှ အဖွင့်အမှာ စကားပြောကြားသည်။ 

အဆိုပါအစည်းအဝေးပြုလုပ်ရခြင်းမှာ လူထုဗဟိုပြု စီမံကိန်းဝင် ကျေးရွာအသီးသီးမှ ရွေးချယ်တင်ပြလာသော စီမံကိန်း လုပ်ငန်းခွဲများအား မြို့နယ်ရှိ သက်ဆိုင်ရာ အစိုးရဌာနများက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း လွှတ်တော် နှင့် သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရှိ/မရှိ၊ ဘတ်ဂျက်လျာ ထားခြင်း၊ ကျထားခြင်းရှိ/မရှှိ စသဖြင့် စီစစ်သုံးသပ်၍ ကျေးလက်နေပြည်သူတို့၏ တင်ပြလာသော အခြေခံအဆောက်အဦ၊ လမ်း၊ တံတားဆောက်လုပ်ခြင်း စသည်ဖြင့် စီမံကိန်းလုပ်ငန်းခွဲများအား ဆောင်ရွက်ခွင့် ရရှိရေးအတွက် ညှိနှို်င်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးလှထူး မှ ပြောကြား ခဲ့သည်။ 

ကောင်းမြတ်ဖြိုး(ပျော်ဘွယ်)