အုတ်ဖိုမြို့တွင် လူထုဗဟိုပြု စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

NCDDP’s Socialization Meeting Organized for Project Implementation in Okpo

Bago, 18 November 2020, Ministry of Information

အုတ်ဖို နိုဝင်ဘာ ၁၈

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ အုတ်ဖို မြို့နယ်တွင် စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင် ရွက်မည့် လူထုဗဟိုပြု စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်၉နာရီ၃၀ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ သည်။

အခမ်းအနားကို Online စနစ်ဖြင့် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူ ရေး နှင့် ဆည်မြောင်း ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ စီမံကိန်း မန်နေဂျာ ညွှန်ကြားရေးမှူး ဦးလှခိုင်၊ ပဲခူးတိုင်း ဒေသကြီး ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှူး ဦးသိန်းလွင် တို့က သာယာဝတီ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးသန်းလွင်၊ ခရိုင် စာရင်းစစ်ရုံး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်စိုး၊ ခရိုင် စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီလှနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျင်းပခဲ့တာဖြစ်ပြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားကာ ဒေါ်ညိုညိုဝင်းမှ လူထုဗဟိုပြုစီမံကိန်းနှင့် ပတ်သက်၍ မိတ်ဆက် ရှင်းလင်းသည်။

ထို့နောက် ဦးလှခိုင်မှ စီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းမှ သိလိုသည်များကိုမေးမြန်းရာ ကျေးလက်ဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဆွေးနွေး ဖြေကြားခဲ့ ကြောင်း သိရသည်။

 

အောင်သူ(အုတ်ဖို)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/21484