ကျောက်တန်းမြို့နယ် ရွာသစ်ကြီး ကျေးရွာ မူကြိုကျောင်း ပန္နက်တင်

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေ တွေနဲ့ တည်ဆောက်မယ့် မူကြိုကျောင်း ပန္နက်တင်ခြင်း မင်္ဂလာအခမ်းအနားကို ရန်ကုန် တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရွာသစ်ကြီး ကျေးရွာ အုပ်စု ရွာသစ်ကြီး ကျေးရွာမှာ ဇွန်လ ၅ ရက်နေ့ မနက် ၉ နာရီမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းဝင်းလတ်နဲ့ တာဝန်ရှိသူတွေ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတွေ လူထု ဗဟိုပြု စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေက သတ်မှတ်နေရာ အသီးသီးမှာ ပန္နက်တင်ခြင်း မင်္ဂလာ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ မူကြိုကျောင်းဆောင်ကတော့ အလျား ၃၆ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၁၁ ပေ ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၂၄၀ ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ခင်ဆွေဝင်း (ကျောက်တန်း)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank