ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း စာရင်း ဇယားဖိုင်တွေကို ကျေးရွာ စီမံကိန်း ကော်မတီဝင်တွေထံ လွှဲပြောင်း ပေးအပ်

Documentation of NCDDP’s Sub-projects in Saw Handed Over to Village Development Committee

Magway, 18 November 2020, SkyNet Media Coverage

 

မကွေးတိုင်း ဒေသကြီး ဆောမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ အီတလီ ချေးငွေတို့နဲ့ လူထု ဗဟိုပြု စီမံကိန်း ပထမနှစ် စက်ဝန်းကနေ စတုတ္ထနှစ် စက်ဝန်းအထိ စီမံကိန်း လေးနှစ်တာ ကာလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ စီမံကိန်း စာရင်း ဇယားဖိုင်တွေကို ကျေးရွာ စီမံကိန်း ကော်မတီဝင်တွေ ထံကို လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

 

အဲဒီ စီမံကိန်းကို ဆောမြို့နယ်မှာ ၂၀၁၇ ခုနှစ်ကနေ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ အခုအခါမှာ စီမံကိန်း လေးနှစ်တာ ကာလ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်လို့ နှစ် တစ်နှစ် ချင်းစီရဲ့ ဝယ်ယူရေးနဲ့ သက်ဆိုင်တဲ့ ဖိုင်တွေ၊ ဘဏ္ဍာရေးနဲ့ သက်ဆိုင်တဲ့ ဖိုင်တွေ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း စာအုပ်တွေ စီမံကိန်း ဆိုင်ရာ အချက်အလက်တွေ စတဲ့ စီမံကိန်းနဲ့ သက်ဆိုင်တဲ့ စာရင်း ဇယား ဖိုင်တွေကို ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ တာဝန်ခံ နည်းပညာ မှူးတွေ နဲ့ လူထု စည်းရုံးရေးမှူးတွေက ကျေးရွာတွေကို ကွင်းဆင်း လွဲပြောင်းပေးအပ် တယ်လို့ သိရပါတယ်။

 

သတင်း - နော်သူလင်း (ဆော)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage