စည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း မိုးကောင်းတွင် ဖွင့်လှစ်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနလူထုဗဟိုပြုစီမံကိန်းရုံး စတုတ္ထနှစ်စက်ဝန်း စည်းရုံးရေးမှူးများအား စွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်း အပိုင်း (၃) ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီခွဲအချိန်က ကျင်းပရာမှာ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အဖွဲ့ခေါင်းဆောင် ဒေါ်အေးအေးလင်းနှင့် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြတ်သူတို့မှ သင်တန်းအား ဆက်လက်ပို့ချသင်ကြားပေးခဲ့ပါတယ်။

စည်းရုံးရေးမှူးတွေကို စွမ်းဆောင်ရည်မြှင့်မားရေး မွမ်းမံ သင်တန်း အပိုင်း (၃) ဟာ ကျေးရွာလုပ်ငန်းခွဲတွေ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ရွာလုံးကျွတ် အောင်ပွဲခံမယ့် လူထု စစ်ဆေးပွဲ အခမ်းအနား ပြုလုပ်ဖို့အတွက် အချိန်ကိုက် ဖွင့်လှစ်သင်ကြားရတဲ့ သင်တန်း ဖြစ်ကြောင်းနဲ့ အခုသင်တန်းကို စည်းရုံးရေးမှူး ၃၂ ဦး၊ ကျေးလက်ဦးစီးဝန်ထမ်းနှင့်နည်းပညာအကြံပေးအဖွဲ့တွေအပါအဝင်စုစုပေါင်း ၄၃ ဦးကို နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက် နှစ်ရက်မှာ ရုံးတွင်သင်ကြားပေးသွားမှာဖြစ်ပြီးဖေဖော်ဝါရီ ၅ ရက်နေ့တွင်လုပ်ငန်းခွဲ ဆောင်ရွက်ပြီးစီးသည့် လွယ်လီယံရွာဟောင်းကျေးရွာနှင့် နောင်းပုံရွာသစ်ကျေးရွာတို့တွင် (Pilot) စံပြအဖြစ် ကွင်းဆင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် Team Leader ဒေါ်အေးအေးလင်းက ပြောကြားခဲ့ပါတယ်။

သတင်း - ဧဧလေး

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank