ကျောက်ကြီး မြို့နယ် စီမံကိန်း လုပ်ငန်းခွဲ ၉၉ ခု လုပ်ငန်းဆောင်ရွက် ပြီးစီး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မှာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီး မြို့နယ် အတွင်းမှာ ရှိတဲ့ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကျေးရွာ အုပ်စု ၂၈ အုပ်စုထဲက ကျေးရွာ အုပ်စု ၁၅ စုမှာ စီမံကိန်း ၄ နှစ်တာ ကာလကို စီမံကိန်း လုပ်ထုံးလုပ်နည်းတွေ အတိုင်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ စီမံကိန်း လေးနှစ်တာ ကာလကို အောင်မြင်စွာ အပြီးသတ် ဆောင်ရွက်နိုင်ခဲ့တဲ့ ကျေးရွာ အုပ်စု ၁၅ စု အတွင်းမှာ ရှိတဲ့ ကျေးရွာ ၆၂ ရွာမှာ စတုတ္ထနှစ် စက်ဝန်း လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ၇၆၆ သန်းနဲ့ ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့တဲ့ စီမံကိန်း လုပ်ငန်းခွဲ ၉၉ ခုရဲ့ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေနဲ့ ငွေကြေး သုံးစွဲမှုတွေကို ဘဏ်စာရင်းပိတ် အပြီးသတ် စစ်ဆေးခြင်း လုပ်ငန်းတွေကို မြို့နယ် စာရင်း ဦးစီးဌာနရုံး၊ မြို့နယ် စာရင်းစစ် ဦးစီးမှူး ဒေါ်ခင်မာမြင့်နဲ့ အဖွဲ့က ဇွန်လ ၁၅ ရက်နေ့ကနေ ၂၂ နေ့ အထိ ကျောက်ကြီးမြို့နယ် ကျေးလက်ဒေ သ ဖွဲ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးမှာ စစ်ဆေး ဆောင်ရွက်ခဲ့ပါတယ်။

သတင်း - ဝင်းညီညီလတ်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank