ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

NCDDP’s Socialization Meeting Organized for Project Implementation in Dedaye

Ayeyarwaddy, 20 November 2020, Myanmar Digital News

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ် တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လူထုဗဟိုပြု စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် Virtual Conference စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ဧရာတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတင်အောင်ဝင်းက အဖွင့်အမှာ စကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်တို့က အမှာစကား ပြောကြားကြသည်။

ဆက်လက်၍ ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးလှခိုင်က လူထုဗဟိုပြု စီမံကိန်း အကြောင်း မိတ်ဆက် ရှင်းလင်း​ ပြောကြားသည်။

ထို့နောက် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနား တက်ရောက် လာသူများက စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူ များက ပြန်လည် ဖြေကြား ပေးခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်က နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

 

ဂျိုင်းလော (သတင်းစဉ်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Myanmar Digital News

http://www.mdn.gov.mm/my/eraawttiittiungdeskii-dedraimiuny-luuthubhiupuciimnkin-mittchkpai-akhmanaakngp