ပူတာအိုမြို့နယ် လူထု ဗဟိုပြု စီမံကိန်း ပင်စင် ကျေးရွာ ခန်းမဆောင် ဆောင်ရွက်နေမှု ပြည်နယ်တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

NCDDP’s Village Hall Construction in Pin Sin Village of Putao Monitored by State Minister

Kachin, Development News TV

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကချင်ပြည်နယ် ပူတာအိုမြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) ဆွာရ်ခမ်ဒမ်း အုပ်စု ပင်စင် ကျေးရွာတွင် ကျေးရွာ ခန်းမဆောင် ဆောင်ရွက် နေမှုအား ကချင်ပြည်နယ် အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် ပြည်နယ် ကျေးလက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်တို့မှ အောက်တိုဘာ လ ၂၆ ရက်နေ့က ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ ခဲ့ကြပါတယ်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာမှာ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် ၆,၇၃၀,၀၀၀ နဲ့ ကျေးရွာလူထု လုပ်အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၀ ပေရှိ ကျေးရွာခန်းမဆောင် လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ ကျေးရွာလူထုနှင့် ကော်မတီဝင်များ တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေစဉ် ကြုံတွေ့ရသော အခက်အခဲများအား မေးမြန်း ဆွေးနွေးခဲ့ပြီး၊ ဆက်လက် ဆောင်ရွက်သွားမည့် ဒေသ ဖွံ့ဖြိုးရေး လိုအပ်ချက် လုပ်ငန်းများကို ဆွေးနွေး ညှိနှိုင်း လမ်းညွှန် မှာကြားပေး ခဲ့ပါတယ်။

ဆက်လက်၍ ပူတာအို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဌေးမြင့်မှ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့သည်။

ခရီးစဉ်တွင် ပြည်နယ် အစိုးရမှ တာဝန်ရှိသူများ၊ ပြည်နယ်/ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူထု ဗဟိုပြု စီမံကိန်းမှ တာဝန်ရှိသူများ၊ ကျေးရွာလူထုနှင့် ကျေးရွာ ကော်မတီဝင်တို့မှ လိုက်ပါခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက် ပြီးစီးသွားပါက ကျေးရွာ အိမ်ခြေ ၆၅ အိမ်နှင့် လူဦးရေ ၃၁၇ ဦးတို့အား အကျိုးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - မိုင်းဉာဏ်လင်း

#NCDDP, #DRD, #MOALI, #WorldBank

Credit- Development News TV

https://web.facebook.com/108312817273501/videos/711343382812888