ရမည်းသင်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းမှ အသုံးပြုလျှက် ရှိသော ပုံသေပိုင်ပစ္စည်းများ စစ်ဆေး

NCDDP’s Fixed Assets in Yamethin Monitored by Respective Officials

Mandalay, 22 October 2020, Development News TV

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ်တွင် လူထုဗဟို ပြုစီမံကိန်းမှ အသုံးပြုလျက်ရှိသည့် စီမံကိန်း လုပ်ငန်းသုံး ပုံသေပိုင် ပစ္စည်းများ အား အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။

ထိုသို့ စစ်ဆေးရာတွင် မန္တလေးတိုင်း ဒေသကြီး လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးသန်းနိုင်ဦးနှင့် တာဝန်ရှိသူများက ရမည်းသင်းမြို့နယ် လူထုဗဟို ပြုစီမံကိန်းတွင် အသုံးပြုလျက်ရှိသည့် Toyota Double Cab ကားတစ်စီး၊ တီဗွီနှင့် မော်တော်ဆိုင်ကယ်များ၊ ကွန်ပျူတာများ၊ မီစက်များ အစရှိသည့် ပစ္စည်းများ ကောင်းမွန်မှု ရှိမရှိ ပျက်စီးသည့် ပစ္စည်းများအား အချိန်နှင့် တစ်ပြေးညီ ပြင်ဆင် အသုံးပြု ကြရန်နှင့် ရုံးသုံးပစ္စည်းများအား စနစ်တစ်ကျ ကိုင်တွယ် အသုံးပြုကြရန် မှာကြားခဲ့ပါတယ်။

ရမည်းသင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း သည် စီမံကိန်း စက်ဝန်း နောက်ဆုံးနှစ် ရောက်ရှိပြီ ဖြစ်၍ စီမံကိန်း ပြီးဆုံးသွားပါက လုပ်ငန်းသုံး ပစ္စည်းများအား တိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့တွင် ခွဲဝေသုံးစွဲနိုင်ရေးတို့ အတွက် ယခုကဲ့သို့ မျက်မြင် လာရောက်စစ်ဆေးခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးသန်းနိုင်ဦးက ပြောပြ၍ သိရပါတယ်။

သတင်း - ရဲအောင် (ကျေးလက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/353183809352279