လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ အဆင့် မိတ်ဆက် ဆွေးနွေးပွဲကို ငဖဲမြို့နယ်တွင် ကျင်းပ

NCDDP’s Village Level Socialization Meeting Organized in Ngape

Magway, 20 November 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာန နဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်း ပြီး မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပေါင်းကလေး ကျေးရွာ ဓမ္မာရုံမှာ လူထု ဗဟိုပြု စီမံကိန်း (CDD) ကျေးရွာအုပ်စု ကျေးရွာအဆင့် စီမံကိန်း မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီ မိနစ် ၃၀ အချိန်က ကျင်းပ ပြုလုပ်ခဲ့ရာ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလွင်၊ တိုင်းဒေသကြီး ဒုတိယ စီမံကိန်း တာဝန်ခံ ဦးစိုးလင်းထွဋ်၊ ဦးစီးအရာရှိ နည်းပညာ တိုင်းဒေသကြီး စီမံကိန်း အကြံပေး ဦးမောင်ပို၊ တိုင်းဒေသကြီးတည်ဆောက်ရေး အကြံပေး ဦးကျော်သာဖြိုး၊ ဒေါ်ပန်းအိမိုမိုနဲ့ ဝန်ထမ်းများ၊ ငဖဲ မြို့နယ် ဦးစီးမှူး ဦးဝေလင်းမောင်နဲ့ ဝန်ထမ်းများ၊ ကျေးရွာ အုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၉ ဦးတို့ တက်ရောက်ခဲ့ပြီး၊ စီမံကိန်း အကြောင်း ရှင်းလင်း ပြောကြားခြင်းနဲ့ တက်ရောက်လာကြသူများမှ မေးမြန်းလိုသည်များကို မေးမြန်းဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ပါတယ်။

 

သတင်း - ကျေးလက်မောင်

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage