ညွှန်ကြားရေးမှူးချုပ်၏ ကယားပြည်နယ် ခရီးစဉ်

 လွိုင်ကော်၊ သြဂုတ်လ (၂၅)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့်အဖွဲ့သည် (၂၄.၈.၂၀၁၈)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်+ရှားတောမြို့နယ် လူထုဗဟိုပြုစီမံကိန်း၏ ဒုတိယနှစ်စက်ဝန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လောပိတကျေးရွာအုပ်စု၊ မိုက်ကန်း ကျေးရွာ၏ဘက်စုံသုံးကျေးရွာခန်းမဆောင်တွင် ရပ်မိ/ရပ်ဖများ၊ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/သားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံမှုတွင် ကျေးရွာဘက်စုံသုံး ခန်းမဆောင်ဆောက်လုပ်မှု အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပြီး ကျေးရွာဘက်စုံသုံးခန်းမဆောင်အား ရေရှည်တည်တံ့စေရန်နှင့် လည်ပတ်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရန်လိုအပ်သည်များ အားလမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ (၂၅.၈.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်၊ ခရိုင် ၊ မြို့နယ် များမှဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများအခြေအနေအား တင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အထက်အောက်လေးစားရိုင်းပင်းကူညီပြီး ပြည်သူများအတွက် အသိပညာနှင့်အတွေးအခေါ်များ မြှင့်တင်ပေးနိုင်သော ဝန်းကျင်ကောင်း တစ်ခုဖြစ်အောင်ကြိုးစား လုပ်ဆောင်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ စီမံကိန်းတာဝန်ရှိသူများ၊ ကျေးရွာလူထုများနှင့်တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်မှု အခြေအနေ၊ အခက်အခဲများနှင့် ကျေးရွာလိုအပ်ချက်များကို ဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ လုပ်ငန်းများဆောင်ရွက်ရာတွင် အချင်းချင်းအပြန်အလှန်လေးစားရန်လိုအပ်ပြီး ကျေးရွာပြည်သူလူထုများ၏ တင်ပြချက်၊ လိုအပ်ချက်များကို ဌာနအနေဖြင့်ဆောင်ရွက်နိုင်သော အချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။