End Poverty Day 2020- “ကြံကြံခံနိုင်စွမ်း မြင့်မားသည့် ပြန်လည် ထူထောင်ရေး ဆီသို့”- ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးနေ့

End Poverty Day 2020 – A Resilient Recovery for Myanmar

“ကြံကြံခံနိုင်စွမ်း မြင့်မားသည့် ပြန်လည် ထူထောင်ရေး ဆီသို့”- ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးနေ့

October 17 is End Poverty Day. The impact of COVID-19 is reversing Myanmar’s progress in ending poverty. How can we best support Myanmar towards a resilient recovery? Watch The World Bank Myanmar panel discussion, moderated by One News TV Host Dr. Susu Thatun. (Myanmar subtitled version to follow soon).

U Khant Zaw, Director General for Department of Rural Development, Ministry of Agriculture, Livestock and Irrigation also takes part in the panel discussion, describing how Department of Rural Development supports 390,000 beneficiary households (42% female participants) in more than 2,500 villages under a cash-for-work (CfW) scheme to provide emergency wage transfer to vulnerable households, and more than 1,700 villages through an emergency village revolving fund (EVRF) to support farmers and rural producers affected by COVID-19.

Read Details about DRD’s CfW and VRFP: https://cdd.drdmyanmar.org/mm/news-55474; https://cdd.drdmyanmar.org/mm/news-category/cash-work-project-news

Panel Discussion link: https://bit.ly/357DOeN

#EndPoverty #ResilientRecovery

အောက်တိုဘာလ ၁၇ ရက်နေ့ဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်ဒေသနေ ပြည်သူများ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျော့ချရေးအတွက် နိုင်ငံတကာ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လူထု ဗဟိုပြု စီမံကိန်း၊ မြစိမ်းရောင် ကျေးရွာ စီမံကိန်း၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းနှင့် (မဟာ ဓါတ်အားလိုင်း ပြင်ပ) အမျိုးသား လျှပ်စစ် ဓါတ်အား ရရှိရေး စီမံကိန်း တို့ကို ဆောင်ရွက်လျက် ရှိရာတွင် ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေး တိုးတက်မှု ရလာဒ်ကောင်းတွေ ရရှိနေပါတယ်။

သို့ပေမယ့်လည်း ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တိုးတက်မှုရလဒ်တွေအပေါ်မှာ ထိခိုက်လျက်ရှိနေပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေး နေ့ (End Poverty Day 2020) အထိမ်းအမှတ် အဖြစ် ကမ္ဘာဘဏ်က ဦးဆောင် ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်ကလည်း ပါဝင် ဆွေးနွေးခဲ့ပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာဘဏ်၏ ပံ့ပိုးမှုဖြင့် ကိုဗစ် ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ နိုင်ငံတစ်ဝန်း စီမံကိန်းများကို ဆောင်ရွက်ရာတွင် “ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး (Cash for Work) စီမံကိန်းဖြင့် ကျေးရွာ ပေါင်း ၂၅၀၀ ကျော်တွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်ခဲ့ရသော (အမျိုးသမီး ၄၂ ရာခိုင်နှုန်း ပါဝင်သော) အိမ်ထောင်စုပေါင်း ၃၉၀, ၀၀၀ အား အကျိုးပြုလျက်ရှိပြီး၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project) ဖြင့်လည်း ကျေးရွာပေါင်း ၁၇၀၀ ကျော်မှ တောင်သူ လယ်သမားများနှင့် ကုန်ထုတ်လုပ်သူများ အား ပံ့ပိုးပေးလျက် ရှိပါသည်။

အသေးစိတ် ဆက်လက် ဖတ်ရှုရန် - မြန်မာဘာသာဖြင့် https://cdd.drdmyanmar.org/mm/news-55475; https://cdd.drdmyanmar.org/mm/news-category/cash-work-project-news

“ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားတဲ့ ပြန်လည် ထူထောင်‌ရေးဆီသို့ ဘယ်လို တည်ဆောက်ကြမလဲ။” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာန ညှိနှိုင်းရေးမှူး၏ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိ ONE News TV တွင် Weekends with Susu Thatun အစီအစဥ်တင်ဆက်လျက်ရှိသည့် ‌ဒေါက်တာ စုစုသာထွန်းက Moderator အဖြစ်ဆောင်ရွက်ထားသည့် ကမ္ဘာ့ဘဏ်၏ ဆွေးနွေးပွဲအားလည်း ကြည့်ရှုနိုင်ပါသည်။ (မြန်မာဘာသာဖြင့် ဆက်လက်တင်ဆက်ပေးပါမည်။) https://bit.ly/357DOeN

https://youtu.be/-Ecub9BMRYc

#CFW, #VRFP, #NCDDP, #DRD, #MOALI, #WorldBank