လူထုဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် ကွန်ကရစ်တိုင်သစ်သားတံတားသစ် ဖွင့်ပွဲ ရွှေကူမြို့နယ်တွင် ကျင်းပ

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌လာစေရန်အတွက် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် တောပုန်းကျေးရွာအုပ်စု၊‌မြောက်ရွာ ကျေးရွာ လူထုမေတ္တာမွန် တံတားသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၁:၀၀ နာရီတွင် အဆိုပါတံတား မုဒ်ဦး၌ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်၊ ဒုတိယညွန်ကြားရေးမှူး ဦးသောင်းညွန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် မြို့နယ်အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဦးကိုကိုမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးရွာတာဝန်ခံ ဦးခင်ဇော်က ကျေးဇူးတင် စကား ပြောကြားပါသည်။ အဆိုပါတံတားသည် အရှည် ၆၁၀ပေ၊ အကျယ် ၆ ပေ ၊ အမြင့် ၅ပေ ရှိပြီး၊ ကွန်ကရစ်အုတ်မြစ်၊ ကွန်ကရစ် တိုင်၊ သစ်သားကြမ်းခင်းတံတားဖြစ်ပြီး စီမံကိန်းမှ ထောက်ပံ့ငွေနှင့်ကျေးရွာလူထုမှ ထည့်ဝင်ငွေ စုစုပေါင်း ကုန်ကျစရိတ်မှာ ၃၆,၄၂၆,၆၈၃ ကျပ်ဖြစ်ပါသည်။

 

အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာအဖွဲ့များနှင့်အတူဒေသခံမိဘပြည်သူများတက်ရောက်ခဲ့သည်။

 

Shwegu NCDDP