စီမံကိန်းသတင်းအချက်လက်များ ဖြန့်ဝေ

 ၁၅ သြဂုတ်လ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သတင်းပြန်ကြားဆက်သွယ်ရေးမှတ်တမ်းဓါတ်ပုံပြပွဲကို (၁၅.၈.၂၀၁၉)ရက်နေ့တွင် နောင်နိုင်းကျေးရွာ ရန်ကုတ်ကျေးရွာအုပ်စု ကရင့်ရိုးရာချည်ဖြူပွဲ(လက်ချည်ပွဲ)တွင် ပြုလုပ်ခဲ့ကြပါသည်။

            အဆိုပါပြပွဲကို ကျေးရွာသူ/သားများ စီမံကိန်းအကြောင်းပိုမိုသိရှိလာစေရန်၊ စီမံကိန်း၏လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုနားလည်လာစေရန်၊ စီမံကိန်းနှင့်ရင်နှီးမှု ပိုမိုရရှိပြီး ကျေးရွာအတွင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများ အဆင်ပြေလာစေရန်နှင့် ပွင့်လင်းမြင်သာမှုများရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။

            ကရင့်ရိုးရာလက်ချည်ပွဲသို့ လာရောက်ကြသော ရပ်ဝေးရပ်နီးမှ ရွာသူ/သားများမှာ ပြခန်းအတွင်းပြသထားသော မှတ်တမ်းဓါတ်ပုံများ၊ စီမံကိန်းမှ ထုတ်ဝေထားသော ဗွီနိုင်းများနှင့် လက်ကမ်းစာဆောင်များကို လေ့လာကြပြီး အမေးအဖြေကဏ္ဏများ ပြုလုပ်၍ စီမံကိန်း အမှတ်တံဆိပ်ပါ တီရှပ်အကျီ၊ ဦးထုပ်နှင့် ဘောပင်တို့အား မေတ္တာလက်ဆောင်အဖြစ် လက်ခံရရှိကြပါသည်။