လေရှီးမြို့နယ် Cash for work စီမံကိန်းလုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ လေရှီးမြို့နယ် အမိမီကျေးရွှာနဲ့ မသော်ရီကျေးရွာ၊ ကူကီးကျေးရွာမှာ ရေနုတ်မြောင်း တူးဖော်ခြင်းနဲ့ ဆိုင်ကယ် လမ်း ဖောက်လုပ်ခြင်း လုပ်ငန်း၊ မြေနီကုန်း ကျေးရွာမှာ ကျွဲ စားကျက်မြေ တူးခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို တာဝန်ရှိသူတွေက စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

 

လေရှီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးခေါင်းပေါ့၊ ဒုတိယ ဦးစီးမှူး ဦးနေလင်းစိုး၊ နှင့် ဝန်ထမ်းတွေ အဖွဲ့ဟာ ကျေးရွာ ဖွံ့ဖြိုး‌ရေး ကော်မတီ ဝင်တွေနဲ့အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် Cash for work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေတွေနဲ့ ငွေစာရင်း ဇယား ဖြည့်သွင်း ထားရှိမှု အခြေအနေတွေကို ကွင်းဆင်း စစ်ဆေးခဲ့ပီး လိုအပ်တာတွေကို ပေါင်းစပ် ညှိနှိုင်း ပေးခဲ့ပါတယ်။

 

သတင်း -ဇော်မင်းဌေး

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage