ဆီဆိုင်မြို့နယ် ဝါးခရာကျေးရွာ၌ လူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သော Cash For Work စီမံကိန်း လုပ်ငန်း ၈၀ ရာခိုင်နှုန်းပြီးစီး

ဆီဆိုင် ဩဂုတ် ၁၇

ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးလက်နေ ပြည်သူများ ဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ဝါးခရာကျေးရွာတွင် ရွာတွင်းသဲဗြုန်းလမ်း ခင်းခြင်းလုပ်ငန်းကို ယနေ့မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း ထံမှ သိရသည်။

ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပင်စုံကျေးရွာအုပ်စုရှိ ဝါးခရာကျေးရွာ၌ အိမ်ခြေ ၁၆၈ အိမ်၊ လူဦးရေ ၈၄၃ ဦးကို အကျိုးပြုတဲ့ အရှည်ပေ ၄၇၀၀၊ အကျယ် ၁၀ ပေ၊ ဒု ၆ လက်မရှိ ရွာတွင်း သဲဗြုန်းလမ်းခင်းခြင်း လုပ်ငန်းကို ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်းများ အချိန်မှီ ပြီးစီးရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မှီရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ပေးလျက်ရှိပါကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)

https://www.moi.gov.mm/iprd/news/4807