တံတားဦးမြို့နယ်တွင် Cash for Work ၊ စီမံကိန်းကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်

တံတားဦး ဇူလိုင် ၁၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် Cash For Work စီမံကိန်းကျေးရွာအဆင့် စီမံခန့်ခွဲမှုသတန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင် က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေစဉ်အတွင်း ကျေးလက်နေပြည်သူများ ငွေကြေးအရင်းအနီးများရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောဇော်ဝင်းထွန်းက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)တွင် ပါဝင်မည့် အိမ်ခြေ(၁၀၀) အထက် ကျေးရွာများအား ကျပ်သိန်း(၃၀၀)၊ အိမ်ခြေ(၅၁)အိမ်မှ (၁၀၀)အတွင်းရှိ ကျေးရွာများအား ကျပ်သိန်း(၂၀၀)၊ အိမ်ခြေ(၅၀)အောက် ကျေးရွာများအား ကျပ်သိန်း(၁၀၀) မတည် ထောက်ပံ့ပေးမည်ဖြစ်ပြီး Cash For Work စီမံကိန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်အားခများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ဇူလိုင်လ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ စီမံကိန်းပါဝင်သည့် ကျေးရွာများမှ ကော်မတီဝင်များတက်ရာက်ကြကြောင်းနှင့် တံတားဦးမြို့နယ်အနေဖြင့် Cash For Work စီမံကိန်းကျေးရွာ (၁၀)ရွာဖြစ်ပြီး၊ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းကျေးရွာ (၈)ရွာ ဖြစ်ကြောင်း၊ တစ်ရွာလျှင် ကော်မတီဝင်(၇)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ထားကြောင်း ကျေးရွာမတည် ရန်ပုံငွေ (VRFP)စီမံကိန်းကျေးရွာမှ ကော်မတီဝင်များကိုလည်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း အဖြစ် ဘလဲ့ဘကွက်သစ် ကုသလာလင်္ကာရဘုန်းတော်ကြီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။

ရဲတင့်(တံတားဦး၊ ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/15/07/2020/id-24002