မန်တုန်မြို့နယ်အတွင်း Cash for Work စီမံကိန်း လုပ်ငန်းများ ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုန်မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် Cash for Work လုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် လုပ်ငန်းပြီးစီးမှုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးနေလင်းဦးနဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ ကျေးရွာများမှာ မန်ကော်ကျေးရွာ အုပ်စု အတွင်းမှာ ရှိတဲ့ မန်ကော် ကျေးရွာ၊ လွယ်ကြင်း ကျေးရွာ၊ ကျန်ကားကျေးရွာတို့ ဖြစ်ပြီး‌တော့ အဆိုပါ ကျေးရွာများအတွင်းရှိ ရွာတွင်းလမ်း ပြုပြင်ခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်းနဲ့ စာသင်ကျောင်း ခြံစည်းရိုး ကာရန်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး၊ လိုအပ်ချက်များကို ပြန်လည် ပြုပြင် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများက မှာကြားခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကျရောက်နေချိန်မှာ ကျေးရွာနေ ပြည်သူများအနေဖြင့် လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခဲကာ စီးပွားရေး ကျပ်တည်းနေချိန် အခုလို ကျေးရွာတွင်းရှိ အိမ်ထောင်စု တစ်စု စီတိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရရှိခဲ့တာကြောင့် တစ်ဖက် တစ်လမ်းမှ စားဝတ်နေရေးလဲ အဆင်ပြေပြီးတော့ မိမိတို့ ကျေးရွာမှာလည်း လိုအပ်ချက်များ ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်းကို စီမံကိန်းဆောင်ရွက်တဲ့ ကျေးရွာများမှာ ရှိတဲ့ ဒေသခံများထံမှ သိရပါတယ်။

သတင်း - စည်သူမောင်မောင် (ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage