သဲကုန်းမြို့နယ် Cash for Work စီမံကိန်း လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးသိန်းထိုက်ဦး ဦးဆောင်တဲ့ အဖွဲ့ဟာ စက်တင်ဘာလ ၆ ရက်က သဲကုန်းမြို့နယ်မှာ ဆောင်ရွက်တဲ့ Cash for Work စီမံကိန်း လုပ်ငန်းတွေ ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးပြီး မြို့နယ် ဦးစီးမှူး ဦးအောင်မြတ်ထွန်း၊ ကျေးရွာ ကော်မတီဝင်တွေနဲ့ တွေ့ ဆုံပြီး လုပ်ငန်း လိုအပ်ချက်တွေကို မှာကြား ခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေ ပြည်သူတွေရဲ့ လူမှု စီးပွားဘဝ ထိခိုက်မှုကို တုန့်ပြန်တဲ့ အနေနဲ့ မိသားစု ဝင်ငွေ ရရှိရေးအတွက် သဲကုန်း မြို့နယ်မှာ Cash for Work စီမံကိန်းကို ကျေးရွာ ၁၀ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပြီး၊ အဲဒီ ကျေးရွာတွေထဲက ရာနှုန်းပြည့် ပြီးစီးခဲ့တဲ့ ဘိုကုန်း ကျေးရွာ ကွန်ကရစ်လမ်း လုပ်ငန်း၊ နှောကုန်း ကျေးရွာ ရေမြောင်းတူးခြင်း လုပ်ငန်း၊ မြေသား ရေကန် ပြုပြင်ခြင်းနဲ့ ခြံစည်းရိုး ကာရန်ခြင်း လုပ်ငန်း၊ နွယ်ကောက် ကျေးရွာ မြေသားလမ်း ပြုပြင်ခြင်း လုပ်ငန်းတို့ကို ကွင်းဆင်း စစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage