လွိုင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for work (CFW) လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

လွိုင်ကော် သြဂုတ် ၁၁

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မှ COVID-19 စီးပွားရေး ကုစားမှု အစီအစဉ် Cash For Work (CFW) စီမံကိန်း လုပ်ငန်းများဖြင့် အကောင် အထည် ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ၀န်ကြီး ဦးဘော့စ်ကိုနှင့် တာ၀န်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ် အတွင်းရှိ ဒေါတခြား (ကယား)ရွာ၊ ဒေါတခြား(ပအိုဝ့်)ရွာ၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါဆော်ဘီး ကျေးရွာ၊ရေနီကန် ကျေးရွာ၊ လေးအိမ်စု ကျေးရွာ တို့အား Cash For Work (CFW) စီမံကိန်း လုပ်ငန်းများဖြင့် အကောင် အထည် ဖော်ဆောင်ရွက်နေသည့် အမာခံလမ်းလုပ်ငန်း၊ ရေပေးဝေရေး လုပ်ငန်းနှင့် လယ်ယာကုန်ထုတ် လမ်းလုပ်ငန်း၊ ရေပြွန်တံတားများ ဆောက်လုပ်ခြင်း လုပ်ငန်းနှင့် ခန်းမဆောင်ရှေ့မျက်နာစာ ကွန်ကရစ် လောင်းခြင်းလုပ်ငန်း စသည့် လုပ်ငန်းများသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ် စံချိန် စံညွှန်း ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ ကြောင်းနှင့် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင် အထည် ဖော် ဆောင်ရွက်လျက် ရှိသော Cash for word (CFW) စီမံကိန်းလုပ်ငန်း (၂၅)ရွာ ရှိကြောင်း သိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)

 

https://www.moi.gov.mm/iprd/news/3757