ဖရူဆိုမြို့နယ် ဟိုယာဘီယာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် လျက်ရှိသော Cash for work စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဖရူဆို သြဂုတ် ၂၉

ကယားပြည်နည် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော (Covid-19) စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက် လျက်ရှိသော (Cash for work) စီမံကိန်း လုပ်ငန်းများ အကော်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများ သို့ တာဝန်ရှိသူ များက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူစင်သန့် နှင့် ဝန်ထမ်းများက Covid-19 စီးပွားရေး ကုစားမှု အစီအစဉ် Cash for work စီမံကိန်းလုပ်ငန်းများ အကော်အထည်ဖော်ဆောင်ရွက်နေသည့် ဖရူဆိုမြို့နယ် ဟိုယာဘီယာ နှင့် ရာဧပရား ကျေးရွာတို့မှ ဆောင်ရွက် လျက် ရှိသော ကျောက်စီမြေကာ နံရံထိန်းလုပ်ငန်း ၊ ရွာတွင်းလမ်း ပြုပြင်ခြင်းလုပ်ငန်း ၊ ဆိုင်ကယ်သွားလမ်း တိုးချဲ့ ပြုပြင်ခြင်း ၊ အာမခံ လမ်းခင်းခြင်း ၊ ရေပြွန်တံတား တည်ဆောက်ခြင်း လုပ်ငန်းများ ကို ကွင်းဆင်းစစ်ဆေးပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

တောရယ်(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://web.facebook.com/MOIWebportalMyanmar/photos/pcb.3094194007375111/3094192860708559/