ရမည်းသင်းမြို့နယ် အနောက်အုတ်ဖိုကျေးရွာ ကွန်ကရစ်တံတား တည်ဆောက်နေမှု ကွင်းဆင်း စစ်ဆေး

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် ရမည်းသင်း မြို့နယ် အနောက် အုတ်ဖို ကျေးရွာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ပံ့ပိုးငွေနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ကွန်ကရစ် တံတား တည်ဆောက်နေမှု အခြေအနေတွေကို စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ ခဲ့ကြောင်း သိရှိရပါတယ်။

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ လူထု ဗဟိုပြု စီမံကိန်းမှာ စီမံကိန်း အကြံပေး အရာရှိ ဦးစောကိုဦး၊ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဒေါ်ပြုံးကြည်နဲ့ ကျေးရွာ တာဝန်ကျ ဝန်ထမ်းများက ကျေးရွာ ကော်မတီဝင်များနဲ့ အတူ ကွန်ကရစ် တံတား တည်ဆောက်နေမှုကို ကြည့်ရှု့ စစ်ဆေးပြီး၊ လိုအပ်တဲ့ နည်းပညာ ပိုင်း ဆိုင်ရာများကို လမ်းညွှန် မှာကြားခဲ့ပါတယ်။

အဲဒီနောက် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် မှ စီမံကိန်း နောက်ဆုံးနှစ် ရောက်ရှိပြီ ဖြစ်တာကြောင့် ကျေးရွာ ကော်မတီဝင်များနဲ့ ရပ်မိရပ်ဖများ လုပ်ငန်းကို အချိန်နှင့် တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းအား ရေရှည်တည်တံ့ ကောင်းမွန်အောင် အသုံးချနိုင်ရေးအတွက် လည်ပတ် ပြုပြင် ထိန်းသိမ်းရေး ရန်ပုံငွေများ စနစ်တစ်ကျ ကောက်ခံသွားရန်နှင့် ပျက်စီးတဲ့ အပိုင်းများကို အချိန်နဲ့ တစ်ပြေးညီ ပြန်လည် ပြုပြင် ထိမ်းသိန်းသွားကြရန် လိုအပ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဆိုပါ ကျေးရွာ ကွန်ကရစ် တံတား ပေ ၃၀ ၊ ၁၂ ပေ၊ ၆ ပေ၊ ၆ လက်မကို ငွေကျပ် ၁၅ ဒသမ ၈၉၈ သန်းနဲ့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ရဲအောင် (ကျေးလက်)

Credit – SkyNet Media Coverage