လူထုဗဟိုပြု စီမံကိန်းမှ ကျွန်းလှမြို့နယ်တွင် လျှပ်စစ် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနိုင်း အစည်းအဝေးကျင်းပ

Coordination Meeting Organized for NCDDP’s Village Electrification System in Kyunhla

Sagaing, 25 October 2020, SkyNet Media Coverage

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ ခရိုင် ကျွန်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း လျှပ်စစ်မီးလင်းရေး လုပ်ငန်းတွေ စတင် ဆောင်ရွက် နိုင်ဖို့အတွက် မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် လုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို အောက်တို ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီက အဲဒီ ဦးစီးဌာနရုံး အစည်းအဝေးခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့ပါ တယ်။

ရှေးဦးစွာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်းက အဖွင့် အမှာ စကား ပြောကြားပြီး၊ မြို့နယ် ဦးစီးမှူး ဦးသိန်းမောင်က လျှပ်စစ်မီးလင်းရေး လုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် TPIC ကော်မတီ အနေနဲ့ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးစေ လိုကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါ်လှချောအေးက လျှပ်စစ်မီး လင်းရေး အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ကျေးရွာ ၂၀ ကို တင်ဒါ ခေါ်ယူခြင်း လုပ်ငန်းတွေ ဆောင်ရွက် ပြီးစီး နေပြီ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ ပါတယ်။

ကျွန်းလှ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းတွင် လျှပ်စစ်မီးကြိုး၊ မီးတိုင် တိုးချဲ့ သွယ်တန်းခြင်း လုပ်ငန်း ၁၂ ခု၊ အင်ဂျင်မီးလင်းရေး လုပ်ငန်း ၈ ခု၊ စုစုပေါင်း လုပ်ငန်း ၂၀ ခုတို့အား စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် ၂၃ ဒသမ ၇၄ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးသိန်းမောင်ထံမှ သိရပါတယ်။

သတင်း - ရဲအောင် ကျေးလက်၊ သန့်ဇင် (ကျွန်းလှ)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage