ရွှေကူမြို့နယ် မက်ဝန်း ကျေးရွာ KG ကျောင်းဆောင်သစ် ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း မှ မက်ဝန်းကျေးရွာအုပ်စု မက်ဝန်း ကျေးရွာ KG ကျောင်းဆောင်တည်ဆောက်ခြင်းလုပ်ငန်း ပေ ၃၀၊ ၂၄ ပေ၊ ၁၂ ပေ၊ ကို စီမံကိန်း ထောက်ပံ့ငွေ ၁၀,၅၁၇,၅၈၈ ကျပ်၊ ကျေးရွာလူထုထည့်ဝင်ငွေ ၁၇၀,၀၀၀ ကျပ် စုစုပေါင်း ကုန်ကျငွေ ကျပ် ၁၀,၆၈၇,၅၈၈ ကုန်ကျပြီး၊ ၃-၁၂-၂၀၁၉ မှ စတင် ဆောင်ရွက်ခဲ့ရာ ၈-၂- ၂၀၂၀ ရက်နေ့မှာ ဆောင်ရွက်ပြီးစီးတာကြောင့် ၁၁-၂- ၂၀၂၀ ရက်နေ့ မနက် ၉ နာရီ အချိန်မှာ ဖွင့် ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

ဖွင့်ပွဲအခမ်းအနားမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရင်ခိုင်၊ စီတာ တိုက်နယ် နယ်မြေမှူး ဆရာကြီး ဦးခင်မောင်လေး၊ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းအောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ညွှန့်နဲ့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးအေးနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး၊ ကမည်းမှော်ကွန်းကို အမွှေးနံသာရည် ပက်ဖျန်းခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ အခမ်းအနားမှာတော့ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် NLD ပါတီ အဖွဲ့ဝင်များ၊ စီမံကိန်း ဝန်ထမ်းများ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာ စီ/ထောက် ကော်မတီဝင်များနဲ့ ကျေးရွာ လူထု တက်ရောက်ပြီးတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရင်ခိုင်တို့က အဖွင့်အမှာ စကား ပြောကြားပြီး၊ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးအေးနိုင်က ကျေးဇူးတင် စကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်ပါတယ်။

 

သတင်း - နေလင်အောင် (ရွှေကူ)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank