မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ရွှေကူမြို့နယ်တွင် ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူ မြို့နယ်မှာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ရွှေကူမြို့ မြို့တော်ခန်းမဆောင်မှာ ကျင်းပပါတယ်။

 

ရှေးဦးစွာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်စီမံကိန်း တာဝန်ခံ ဦးကျော်လင်းအောင်က အမှာစကားပြောကြားပြီး၊ ခရိုင်ဦးစီးမှူး ဦးသောင်းညွှန့်က ဌာနအတွင်း အကောင်အထည်‌ဖော်ဆောင်ရွက်နေသော စီမံကိန်းများကို လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးရင်ခိုင်က လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်မှုနဲ့ ပတ်သတ်ပြီး လည်းကောင်း ရှင်းလင်းပြောကြားပါတယ်။

 

အဲဒီနောက် စီမံကိန်း ဆောင်ရွက်မှုအပေါ် အားသာချက်၊ အားနည်းချက်နဲ့ နောက်စီမံကိန်းများမှာ ပိုမိုဆောင်ရွက်နိုင်ရန် အကြံပြုချက်များကို အဖွဲ့လိုက် ဆွေးနွေးကာ ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြပြီး၊ စီမံကိန်း လုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်ခဲ့တဲ့ ကျေးရွာ အုပ်စုအဆင့်နဲ့ ကျေးရွာအဆင့်မှာ ဆုရရှိတဲ့ ကျေးရွာအုပ်စု၊ ကျေးရွာတို့ကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank