ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ လူထုစစ်တမ်းကောက်ယူ

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ရန်ပုံငွေ နဲ့ ပေါက်မြို့နယ် ငမို့ကြီး အုပ်စု ကျွန်းပင်စု ကျေးရွာ အုပ်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်း၊ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထ တစ်နှစ်တာ စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၁၀ နဲ့ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးနေမှုအတွက် လူထု စစ်တမ်းကောက်ယူခြင်းကို ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းက ဆောင်ရွက်ခဲ့တယ် လို့ သိရပါတယ်။

ဆောင်ရွက်ပြီးစီးသွားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ ငွေကြေး သုံးစွဲမှုတွေကို Covid ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ် ကာကွယ်နိုင်ဖို့ လူစု လူဝေး မဖြစ်ပေါ်စေရေးအတွက် ကျေးရွာ ကြော်ငြာသင်ပုန်းမှာ ကပ်တာ လော်စပီကာနဲ့ ကြေညာတာ လုပ်ငန်းစဉ်နဲ့ ရလာဒ် အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကြေနပ်မှု အပေါ် မဲပေးနိုင်ဖို့ အိမ်တိုင်ရာ ရောက် စာရွက်တွေ ဝေပေးပြီး စစ်တမ်းကောက်ယူခြင်းကို ကျွန်းပင်စု ကျေးရွာမှာ လှည့်လည် ဆောင်ရွက်ကြရာ လူထု ဗဟိုပြု စီမံကိန်းမှ တာဝန်ကျ ဝန်ထမ်းတွေ ဖြစ်တဲ့ လက်ထောက်နည်းပညာမှူး ဒေါ်အိမ်စည်ထွန်းနဲ့ လူထု စည်းရုံးရေး မှူး ဒေါ်ရွှေစင်မြင့်တို့က အတူလိုက်ပါ ကြီးကြပ်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank