မိုင်းခတ်မြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

NCDDP’s Sub-project Activities in Mongkhet Monitored by Respective Officials

Shan, 21 November 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေရာမှာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကျိုင်းတုံ ရုံးက ဒေါ်သန်းသန်းမြင့် ဒုတိယ ညွှန်ကြားရေးမှူးနဲ့ အဖွဲ့တို့က လာရောက်ပြီး၊ မိုင်းခတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ရုံးမှာ လူထု ဗဟိုပြု စီမံကိန်းမှ ကျေးလက် ဦးစီးဌာန ဝန်ထမ်းများ (DRDs) နှင့် နည်းပညာ အထောက်အကူပြု (TTAs) ဝန်ထမ်း တွေ နဲ့ အစည်းအဝေး ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီ အစည်းအဝေးမှာ ဒေါ်သန်းသန်းမြင့်က လူထု ဗဟိုပြု စီမံကိန်း ငွေစာရင်းတွေ စီစစ် တည့်မတ်ပေးဖို့ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီးတော့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက် နေတဲ့ လုပ်ငန်းတွေကို ကွင်းဆင်း စစ်ဆေးဖို့ လာရောက်ခြင်း ဖြစ်တယ်လို့ ဆွေးနွေးပြောကြားပါတယ်။

အဲဒီ အစည်းအဝေးမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးရန်ကျော်၊ စီမံကိန်း တာဝန်ခံ ဦးသန်နောင်ထွေးနဲ့ နည်းပညာ အကြံပေးအဖွဲ့က အဖွဲ့ခေါင်းဆောင် ဦးမျိုးသန့်တို့က စီမံကိန်း လည်ပတ်နေတဲ့ အခြေအနေနဲ့ လိုအပ်ချက်တွေကို ဆွေးနွေးတင်ပြကြပါတယ်။

ဆက်လက်ပြီးတော့ ဝမ်ခုတ်အုပ်စု ပင်းကွေ့ (ရှမ်း)၊ ကုန်းမွန်နဲ့ နောင်ဝိုင်ကျေးရွာ တွေမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်တဲ့ လုပ်ငန်းတွေကို ကွင်းဆင်း စစ်ဆေးပြီး၊ ကိုဗစ်ကာလ ညွှန်ကြားချက်တွေနဲ့ အညီ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ တည်ဆောက်ရေး လုပ်ငန်းတွေ စံချိန် စံညွှန်းနဲ့ အညီ ဆောင်ရွက်နိုင်အောင်လို့ ပံ့ပိုးပေးဖို့ မှာကြားတယ်လို့ သိရပါတယ်။

 

သတင်း - ခင်မာဌေး

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage