ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများကို ကြည့်ရှု့ စစ်ဆေး

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းခွဲ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လုပ်ငန်းများကို မေလ ၁၈ ရက်နေ့က ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းနဲ့ တောင်ကြီး ခရိုင် ဦးစီးမှူး ဦးရန်မျိုးနိုင်တို့က ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ကွင်းဆင်းစစ်ဆေးရာမှာ တောင်ရှေ့ ကျေးရွာအုပ်စု၊ ဌာအုံ ကျေးရွာရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိတဲ့ Solar Mini-grid ဖြင့် ဆောင်ရွက်တဲ့ မီးလင်းရေး လုပ်ငန်းနဲ့ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သဲဗြုန်းလမ်းခင်းခြင်း လုပ်ငန်းကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

အဆိုပါ ကွင်းဆင်းရာမှာ စီမံကိန်း လုပ်ငန်းများ ရေ ရှည်တည်တံ့ကောင်းမွန်စွာ လည်ပတ်နိုင်ရေး၊ ကျေးရွာ ကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများမှ လုပ်ငန်းလည်ပတ် ပြုပြင်ထိန်းသိမ်းရေးကို နှစ်စဉ် ဆောင်ရွက်သွားရန်၊ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ လူငယ်များမှ အထူး ပူးပေါင်း ပါဝင် ကြိုးစားကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank