ငပုတော မြို့နယ်တွင် သတင်း ပြန်ကြားဆက်သွယ်ရေး ပြခန်း ပြသ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတော မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ စီမံကိန်း လုပ်ငန်းစဉ်များနဲ့ Covid-19 ကာလအတွင်း Covid-19 ရောဂါနဲ့ ပတ်သတ်သော အသိပညာများ ဆောင်ရန် ရှောင်ရန်အချက်များ ဗဟုသုတများနဲ့ ပတ်သတ်ပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် စုပေါင်း ကာကွယ် တားဆီးနိုင်ရန် ရည်ရွယ်ပြီး၊ သတင်း ပြန်ကြားရေးဆိုင်ရာ Information Campaign အခမ်းအနားကို ဇွန်လ ၉ ရက်နေ့ မနက် ၈ နာရီ အချိန်က ငပုတောမြို့ မြို့မဈေးမှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံ ပြခန်းမှာ ငပုတော မြို့နယ်အတွင်း လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ရဲ့ ကျေးရွာ အသီးသီးနဲ့ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်း ဓါတ်ပုံများ၊ စီမံကိန်း ဆိုင်ရာ စာစောင်နဲ့ စာအုပ်များ၊ Covid-19 ရောဂါဆိုင်ရာ အသိပညာပေး ပိုစတာများ၊ လိုက်နာဆောင်ရွက်ရန် အချက် အလက်များကို တက်ရောက်လာသူများက လေ့လာ ဖတ်ရှု့ ကြပြီး၊ စီမံကိန်း ဆိုင်ရာနဲ့ Covid-19 ဆိုင်ရာ အသိပညာပေး ဉာဏ်စမ်း မေးခွန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက မေးမြန်းပြီး၊ ဖြေဆိုနိုင်သူများကို အသင့်ချုပ်ပြီး Mask များကို ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ သတင်း ပြန်ကြားရေးဆိုင်ရာ Information Campaign အခမ်းအနားကို ငပုတော မြို့နယ် စည်ပင်သာယာ ကော်မတီ ဥက္ကဌ ဦးတင်ဦး၊ စည်ပင် သာယာရေး အဖွဲ့ အမှုဆောင် အရာရှိ ဦးမောင်မောင်နိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်သူမင်းနဲ့ စီမံကိန်း ဝန်ထမ်းများနဲ့ အခြား ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူထု ဗဟိုပြု စီမံကိန်း ကော်မတီဝင်များ၊ စိတ်ပါဝင်စားသူ ကျား-မ ကလေးသူငယ်များ တက်ရောက်ခဲ့ကြပြီး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ရဲ့ Covid-19 ဆိုင်ရာ လမ်းညွှန်ချက်များနဲ့ အညီ ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

 

သတင်း- စိုးမိုးကျော်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank