ဓနုဖြူမြို့နယ် ဇကာကြီးကျေးရွာအုပ်စုတွင် Information Campaign ပြုလုပ်ခြင်း

 ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းက သတင်းပြန်ကြား ဆက်သွယ်ရေးနှင့် စည်းရုံးလှုံဆော်ခြင်း Information Campaign ကို ၂၀၂၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက် (၇)နာရီ မှ ၈ နာရီခွဲ အထိ ဇကာကြီးတိုက်နယ်ဈေးရှေ့တွင် ပြုလုပ်ခဲ့ပါသည်။

စီမံကိန်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ဈေးသို့လာရောက်သူများကို ပြောပြခြင်း၊ covid 19 guide line ရှင်းပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး/အဆိုပါ Information campaignပွဲကို ဇကာကြီးတိုက်နယ် ကျန်းမာရေးမှူး ဦးအေးသန်းနှင့်အဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

အားကစားနှင့် ကျန်းမာရေးဝန်ကြီး ဌာန၏ ညွန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သော အဆိုပါ Information Campaign သို့ ကျေးရွာနေ ပြည်သူများ၊ မြို့ပေါ်ရပ်ကွက်များမှ ကျား-မ ကလေးငယ်များ အပါအဝင် တက်ရောက်လာသူများကို ကျန်းမာရေးအတွက် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်သန့်‌ဆေးများ အသုံးပြု လက်‌ဆေးစေခြင်း တို ပြုလုပ်စေပြီး၊ Covid 19ကာလအတွင်း ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သော သိကောင်းစရာများ ဆောင်ရန် ရှောင်ရန် အချက်များအား ဖြန့်ဝေပေးခြင်းနှင့် ရောဂါအကာအကွယ် အတွက် လုံခြုံစိတ်ချရသော အသင့်ချုပ် အဝတ် နှာခေါင်းစည်း (mask) များအား အခမဲ့ ပေးဝေခဲ့ပါသည်။

သတင်း - ဓနုဖြူ (CDD)