ကျေးရွာစီမံခန့်ခွဲမှုကော်မတီသင်တန်း

လှိုင်းဘွဲ စက်တင်ဘာ ၂၃

        ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် တခွက်ဖိုးအုပ်စု တခွက်ဖိုးကျေးရွာ၊ ပန်းတောမီးကျေးရွာနှင့် နောကောအုပ်စု လက်ခတ်ကျေးရွာများမှ စီမံကိန်းကော်မတီဝင်များအား ကျေးရွာစီမံခန့်ခွဲမှုသင်တန်းကို တခွက်ဖိုးကျေးရွာ၌ (၂၃.၉.၂၀၁၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

        ကော်မတီအဖွဲ့အစည်းများသည် ကျေးရွာလူထုကို အစီအစဉ်ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စီမံကိန်းလုပ်ငန်းခွဲများ စီမံခန့်ခွဲရာတွင် လိုအပ်သည့် စွမ်းရည်၊ ယုံကြည်ချက်နှင့် အသင်းအဖွဲ့လိုက်ဆောင်ရွက်မှုများ တိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

        ထိုကျေးရွာစီမံခန့်ခွဲမှုသင်တန်းကို ကော်မတီဝင် ကျား(၁၇)ဦးနှင့် မ(၁၇)ဦး တက်ရောက်ခဲ့ကြပြီး လူထုဗဟိုပြုစီမံကိန်း စည်းရုံးရေးမှူးများမှ ဦးဆောင်ကျင်းပခဲ့ကြသည်။