CF/TF များအား တတိယနှစ်စီမံကိန်းစက်၀န်းအတွက် သတင်းပြန်ကြားဆက်သွယ်ရေးနှင့် ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေးမွမ်းမံသင်တန်းပေးခြင်း

 

     ၆.၂.၂၀၁၈(မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်)

           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ဘီးလင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်၀န်းအတွက် လူထုစည်ရုံးရေးမှူးနှင့် လက်ထောက်နည်းပညာမှူး တို့အား သတင်းပြန်ကြားဆက်သွယ်ရေးနှင့် ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေးမွမ်းမံသင်တန်းကို (၆. ၂. ၂၀၁၈) နေ့တွင် မြို့နယ်ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေးနှင့် သတင်းပြန်ကြားဆက်သွယ်ရေး တာ၀န်ခံတို့မှ ဘီးလင်းမြို့ ဌက်ပျော်တော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပါသည်။

              ၄င်းမွမ်းမံသင်တန်းကို မွန်ပြည်နယ်စီမံကိန်းတာ၀န်ခံ ဒေါ်ခွါညိုဌေး၊ ပြည်နယ်ဝေဖန်အကြံပြု တာ၀န်ခံနှင့် သတင်းပြန်ကြားဆက်သွယ်ရေးတာ၀န်ခံတို့မှ လာရောက်၍ စီမံကိန်းနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။

             အဆိုပါသင်တန်းသို့ လူထုစည်းရုံးရေးမှူး (၂၇)  ဦး နှင့် လက်ထောက်နည်းပညာမှူး(၁၇)ဦး တို့ သင်တန်းတက်ရောက်ခဲ့ကြပါသည်