ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အလုံကျေးရွာအုပ်စု၊ ရှားဘိုကျေးရွာတွင် သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြပွဲကျင်းပခြင်း

 ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း) အလုံကျေးရွာအုပ်စု၊ ရှားဘိုစုကျေးရွာတွင်   သတင်း ပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြပွဲ အခမ်းအနားအား (၂၆.၃.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့၍  စီမံကိန်းနှင့်ပတ်သက်သောမေးခွန်းများမေး၍  ဖြေနိုင်သူများအား မေတ္တာ လက်ဆောင်များပေးအပ်ခြင်းနှင့်  ခြင်းလုံးအလှခတ်သည့်အဖွဲ့များ၊ ကပြဖျော်ဖြေသည့် အဖွဲ့ များဖြင့် စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပခဲ့ပါသည်။