ရုံးချုပ်အဖွဲ့၊ ကမ္ဘာ့ဘဏ်အဖွဲ့နှင့် ပြည်နယ်အဖွဲ့တို့မှ မိုးကောင်းမြို့နယ် ကျေးရွာလူထု၊ TPIC အဖွဲ့၊ စီမံကိန်းဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ၅.၄.၂၀၁၉

        ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင်  စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကျေးလက်ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်တို့နှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူ Mr.Sean Bradley ဦးဆောင်သည့်အဖွဲ့သည် မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာနှင့် သိုက်ဝါးကုန်းကျေးရွာများသို့ ကွင်းဆင်းပြီး ကော်မတီဝင်များ၊ ကျေးရွာလူထုများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

          ကော်မတီဝင်များ၊ ကျေးရွာလူထုများနှင့် တွေ့ဆုံရာတွင် စီမံကိန်းလုပ်ငန်းများ ရွေးချယ်မှု၊ ရွေးချယ်ရာတွင် အမျိုးသမီးများပါဝင်မှု၊ ငွေကြေးသုံးစွဲမှု၊ ဝယ်ယူရေးနည်းလမ်းများရွေးချယ်ရာတွင် တွေ့ကြုံရသော အခက်အခဲများ၊ လုပ်ငန်းများပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် လည်ပတ်ထိန်းသိမ်းရေးရန်ပုံငွေ ကောက်ခံမှု၊ ကျေးရွာတွင် ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းဆောင်ရွက်ချက်များနှင့် ကျေးရွာတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး ကော်မတီဝင်များနှင့် ကျေးရွာလူထုမှလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။

          ထို့နောက် မြို့နယ် TPIC အဖွဲ့များနှင့် မိုးကောင်းမြို့နယ်ကျေးလက်ဦးစီးဌာနရုံးတွင် တွေ့ဆုံပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဌာနမှ မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကို ကမ္ဘာ့ဘဏ်အဖွဲ့အား ရှင်းပြခဲ့ပြီး၊ မြို့မိမြို့ဖတစ်ဦးမှ ကျေးရွာများဖွံ့ဖြိုးတိုးတက်လာခြင်းသည် စီမံကိန်း၏ ကျေးဇူးကြောင့်သာဖြစ်ကြောင်း ပြောကြားကာ ညနေပိုင်းတွင် စီမံကိန်းဝန်ထမ်းများနှင့် တွေ့ဆုံပြီး အခက်အခဲ၊ အောင်မြင်မှု၊ လုပ်ငန်းခွင်အားသားချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။